Play Store (1) : Play Store သို့ Apk တင်ခြင်း မှတ်စု


========

Developer account ၀ယ်ထားပြီးသူတွေ play store ကို apk တင်ဖို့ ကွန်ပျူတာ မလိုပါဘူး။ Mobile ဖုန်းနဲ့ပဲ လုပ်နိုင်တယ်။

၁။ Target sdk version 26 ထားပါ။

၂။ Icon ပုံကို resolution ကောင်းကောင်း ကြိုက်တဲ့ အရွယ်နဲ့ ဖန်တီးထားပါ။ အဲဒီ ပုံကို သုံးပြီး icon size အမျိုးမျိုးရအောင် ဒီမှာ online ဖန်တီးပါ။ Play Store အတွက် hi res ပုံ ကိုလဲ တခါတည်း လုပ်ပေးတယ်။

https://makeappicon.com/

၃။ Play Store အတွက် Featured Graphic 2024x500 တပုံ တင်ပေးရတယ်။ နောက်ခံပုံ ကောင်းကောင်းလေး တခု လုပ်ပါ။ ပြီးရင် Featured Graphic ပုံ ရအောင် ဒီမှာ online ဖန်တီးပါ။

https://www.norio.be/android-feature-graphic-generator/

၎။ Apk ကို run ပြီး Screen shot 2 ပုံ ကနေ 8 ပုံ အထိ ရိုက်ယူထားပါ။

၅။ Apk ကို keystore နဲ့ sign လုပ်ပြီး ထုတ်ထားပါ။ အဲဒီ keystore ဖိုင်ကိုတော့ လုံးဝ မပျောက်အောင် သိမ်းထားပါ။ နောက် update တွေ တင်ဖို့ ဒါကို ပြန်သုံးရတယ်။

၆။ ကိုယ့် App အကြောင်း ဖော်ပြတဲ့ စာသားတွေကို ရေးသား ပြုစုထားပါ။

ဒါဆိုရင် Apk တင်ဖို့ အသင့် ဖြစ်ပြီ။ လုပ်ပုံ လုပ်နည်း အသေးစိတ်ကို တဆင့်ချင်း ဆက်ပြပါမယ်။

😊

Comments

Popular posts from this blog

Firebase (2)

Story Book Project (8)

Story Book Project (7)