Java Lesson17( Bill ဖြည့်ခြင်း )


========================

ဒီသင်ခန်းစာကတော့ bill ဖြည့်ကုဒ်ကို လက်တွေ့ အသုံးပြုပြခြင်းပါ။ လောလောဆယ်တော့ ရိုးရိုးလေးရေးပြထားပါတယ်။ တကယ်က EditText မှာရိုက်သမျှစာသားတွေကို System ကနေ အသံလေးနဲ့လိုက်ပြောပေးအောင်လုပ်ပြပေးချင်တာပါ။ ပြဿနာတစ်ခုက လက်တွေ့တည်ဆောက်တဲ့နေရာမှာ အသံတော့လိုက်ပြောပေးပါတယ်။ ဒါပေမယ့် တစ်လုံးစီ မပြောပဲ ရေးသမျှ အစအဆုံး ပြန်ပြန်ပြောနေလို့ အဆင်မပြေတာနဲ့ ကျနော်ဆက်မသင်တော့တာပါ။ ကျနော်လည်းအဖြေရှာနေပါတယ်။ ကျနော့်ဆရာဖြစ်တဲ့ ဆရာညီညီလွင်ကိုလည်း မေးကြည့်ပါဦးမယ်။ ရတော့ ဆက်သင်တာပေါ့။ ကျနော်က သင်ခန်းစာတွေကို လက်တွေ့တန်းတန်းရေးနေတာဗျ။ ကြိုစီစဉ်လေ့မရှိဘူး။ ဒါကြောင့်ပြဿနာဖြစ်ရင် ကို့ရို့ကားယားဖြစ်ကုန်ရော။ အားလုံးပြီး မှပြဖို့ဆိုတာကလည်း သင်ခန်းစာမတင်ပေးရတာ နဲနဲလေးကြာနေပြီလားလို့။ နောက်ပြဿနာက ကီးဘုတ်ပြဿနာဗျ။ ကျနော်ကလည်း ပုဂံကီးဘုတ်ကလွဲရင် တခြားကီးဘုတ် မသုံးတတ်။ ပုဂံကီးဘုတ်ကလည်း Error တက်ပြီးကတည်းက သုံးလို့မရတော့ဘူး။ ကိုယ်တိုင်ကီးဘုတ်ရေးထားတာကလည်း အကုန်မပြီးသေးတော့ လိုအပ်ချက်ရှိနေတာအများကြီး။ မနည်းစဉ်းစားပြီး စာမှန်အောင်စီနေရတာ လက်တောင်ညောင်းတယ်။ ဘာပဲဖြစ်ဖြစ်ခဏတော့ သည်းခံကြပါဦးလို့ ...

( ဒါတောင် ဖုန်းပြဿနာတက်နေပုံအကြောင်း မရေးနိုင်တော့လို့ ချန်ခဲ့တယ်နော်) 😂

Comments

Popular posts from this blog

Java Lesson16( String ListView )

Story Book Project Series

Firebase (2)