Firebase (1)အဆက်
Firebase သင်တန်းမှ
========
Firebase စတင် အသုံးပြုခြင်း
=========
Firebase အသုံးပြုနိုင်ဖို့ Google account လိုတယ်။ Firebase မှာ Project တခု လုပ်ထားဖို့လဲ လိုတယ်။
Google account မရှိသေးရင် လုပ်လိုက်ပါ။
Browser နဲ့ https://firebase.google.com ကိုဝင်ပါ။
Google account နဲ့ sign in ၀င်ပါ။ (ညာဘက် ထိပ်ဒေါင့်က Sign In link ကိုနှိပ်။ ဒါမှမဟုတ် Get Started button ကိုနှိပ်။)
Project အသစ်တခု create လုပ်ဖို့အတွက် Firebase console က Add project ဆိုတာကို နှိပ်ပါ။
Project name ပေးပါ။ နိုင်ငံကို ရွေးပေးပါ။ ပြီးရင် Create Project Button ကို နှိပ်ပါ။ Firebase Project တခု ရပါမယ်။
Google က Firebase Project အရေအတွက် ကန့်သတ်ထားတဲ့အတွက် Firebase Project တခုမှာ Android project အများကြီး ချိတ်ဆက်သုံးပါ။
Firebase က free plan (Spark) နဲ့ ငွေပေးရတဲ့ plan (Flame, Blaze) တွေရှိပါတယ်။ Database အသုံးပြုနိုင်မှု ပမာဏ၊ User ပြိုင်တူ အသုံးပြုနိုင်မှု ပမာဏတွေ ကွာခြားပါတယ်။ Plan တွေအကြောင်းကို အောက်က link မှာ ကြည့်နိုင်ပါတယ်။
https://firebase.google.com/pricing/
:)
Comments
Post a Comment