မိသက်နဲ့ကခုန်ခြင်း ( 2 )


==================

မိသက်က ချောတော့မချောဘူးဗျ... ဒါပေမယ့် ချစ်ဖို့အရမ်းကောင်းတာ... အဲဗျာ... ကျနော်က လူပျိုကြီးဆိုတော့ ဘာတွေပြောမိကုန်ပါလိမ့်... ခ်ခ်ခ်

Method က လွယ်တော့မလွယ်ဘူးဗျ...
ဒါပေမယ့် ခက်လည်း မခက်ပြန်ဘူး... အာ့ပြောချင်တာ.... ခ်ခ်ခ်

ပထမပိုစ့်မှာ ကျနော် နမူနာရေးပြခဲ့တာဟာ... getter နဲ့ setter
သဘောတရားပါဗျာ... ခုဒီမှာ နဲနဲပြန်ရှင်းပြဦးမယ်...

Setter သဘောက Data တစ်ခုခုကို ထည့်သွင်းတာ၊ လက်ခံယူတာလို့ အလွယ်
မှတ်ထားဗျာ...

Getter သဘောကတော့ Data တစ်ခုခုကို ထုတ်ယူတာ၊ ပြန်ခေါ်ယူတာလို့ အလွယ်မှတ်ထားဗျာ....

ပညာသားမပါဘူးလို့ပြောချင်လည်းပြော... ကျနော်လည်း ဒီလိုပဲမှတ်ထားပါတယ်... ဘာလို့်လဲဆိုတော့... လုံးဝအခြေခံမရှိချိန် ဒီလိုခပ်လွယ်လွယ်မှတ်တဲ့နည်းကသာ ပိုမိုတတ်မြောက်လွယ်လို့ပါ...

ဒီတော့... ကျနော့်ကိုယ်ပိုင်ဟန်အတိုင်း သင်ယူရမပျင်းရိစေဖို့၊ အမြဲဦးနှောက်ရွှင်လန်းနေစေဖို့ သင်ခန်းစာထဲဟာသနှောချင်နှောမယ်၊ ဥပမာတင်စားမှုတွေလုပ်ချင်လုပ်သွားမယ်၊ ဒါပေမယ့် ပညာလမ်းကြောင်းတော့အပျောက်မခံပါဘူး... လမ်းကြောင်းအတိုင်းသွားမှာပါ... မိတ်ဆွေတို့ကသာ တစ်ခန်းစီဖတ်၊ မှတ်၊ လေ့ကျင့်ပါ... အတိုင်းအတာတစ်ခုရောက်ရင် အားလုံးနားလည်သွားမှာပါ... ကဲ... Method နည်းနည်းပြန်ဆက်ရအောင်... Method ကို ရည်ရွယ်ချက်အမျိုးမျိုးအတွက်သုံးကြပါတယ်... အနှစ်ချုပ်ကတော့... အကြိမ်ကြိမ်အသုံးပြုရမယ့်ကုဒ်တစ်ခုကို အကြိမ်ကြိမ်သုံးနေစရာလည်းမလိုအောင်... ကိုယ့်ရဲ့ pj ထဲမှာ ကုဒ်တွေမတရားရှည်မသွားစေပဲ တိုတိုနဲ့လိုရင်းသုံးချင်တဲ့အခါမျိုးတွေမှာ အသုံးပြုပါတယ်... ဥပမာဗျာ...

Toast တစ်ခုဆိုပါတော့... MainActivity ထဲမှာ... တခါလာလည်း Toast.makeText() ..... စသဖြင့် ကုဒ်အရှည်ကို တခါလာတခါရေးလုပ်နေရရင် ဘယ်ဟုတ်သေးလည်းဗျ... ကုဒ်နည်းရင်အကြောင်းမဟုတ်... ကုဒ်များလာရင် မျက်စိရှုပ်လိုက်မယ်ဖြစ်ခြင်း... ဒီအတွက် ကိုယ်က ပုံသေ class တစ်ခုမှာ Toast Method တစ်ခုရေးခဲ့မယ်ဆိုရင်... ကိုယ်လိုတဲ့အခါတိုင်း... SetToast("..") လို့ခေါ်လိုက်တာနဲ့ကိစ္စပြီးပြီ... ဒါ Method အစွမ်းပေါ့... ကျနော်တို့ libs တွေ Add ကြတယ်... Calendar တစ်ခုသုံးချင်တယ် ဒါဆို သက်ဆိုင်ရာ Class ထဲက သက်ဆိုင်တဲ့ Method လှမ်းခေါ်လိုက်ရင် ကိစ္စပြီးပြီဗျ... ဒါလည်း Method အစွမ်းပဲ... libs ထဲက jar ဖိုင်ဟာလည်း Method ပေါင်းများစွာ Class ပေါင်းများစွာပါဝင်တဲ့ အစုအဖွဲ့တစ်ခုပါ... Method သာကောင်းကောင်းကျွမ်းကျင်သွားရင် ကိုယ်ပိုင် jar တွေလုပ်တတ်လာမယ်... ကိုယ့် pj အတွက် ကုဒ်နည်းနည်းနဲ့ကိစ္စပြီးအောင် ဖန်တီးတတ်လာမယ်... ဥပမာအားဖြင့် ဆရာညီညီရဲ့... Scripter Hybrid သင်ခန်းစာမှာလေ့လာပါ... ဒါလည်း Method ရဲ့အစွမ်းပေါ့... ပြီးတော့ တဆက်ထဲပြောပြဦးမယ်... jar ဖိုင်တည်ဆောက်ဖို့ အရမ်းလွယ်ကူတဲ့နည်းလမ်းရှိပါတယ်... လွယ်ပေမယ့် တချို့လိုက်လုပ်တဲ့အခါ ပြဿနာနည်းနည်းရှိနေကြသေးတယ်... ဒါပေမယ့် ကျနော် Method ဆောက်သလိုဆောက်ပြီးလေ့လာပါ... နောက်ပိုင်း jar လုံးတဲ့နည်းကို ခပ်လွယ်လွယ်လုပ်နိုင်သွားပါလိမ့်မယ်... ဒီအတွက် ကွန်ပျူတာလိုမှာမဟုတ်ပါဘူး... ဘာပဲဖြစ်... လွယ်ရာမှသည်... ခက်ရာဆီသို့... ဆိုသလို ခပ်လွယ်လွယ်ကနေပဲ စလိုက်ရအောင်လားခင်ဗျာ....

Comments

Popular posts from this blog

Firebase (2)

Story Book Project (8)

Story Book Project (7)